လွန်ခဲ့သောတစ်နှစ်ခန့်က ကျွန်တော်တာဝန်ယူလုပ်ခဲ့ရသော ပရော့ဂျက်တစ်ခုတွင်အမှားပြင်ဆင်ခြင်းပြုလုပ်ရာမှ ကျွန်တော့စူပါဗိုက်ဇာ
ဓါတ်လိုက်ခံရပြီး လက်ကျိုးသွားပါတယ်။ အမှားပြင်သော soft starter က switch board ရဲ့အပေါ်ဆုံးအကန့်မှာရှိတာ
ကြောင့် အနီးမှာရှိသောကေဘယ်ဒရမ်ကိုခုပြီး တက်လုပ်ရပါတယ်။ အဲဒီအလုပ်ကကျွန်တော်လုပ်ရမှာပါ။
ဖြစ်ချင်တော့အဲဒီနေ့မှ သူ့ဘက်ဆိုဒ်ကအလုပ်ပါးလို့ ပထမဆုံးလိုက်လာတာပါ။ ကျွန်တော့်ကိုလိုက်ပို့တယ်ဆိုရင်လဲမမှားပါဘူး။ အလုပ် လုပ်တော့ သူကပဲအဲဒီပေါ်တက်ပြီး ကျွန်တော့်ကိုပစ္စည်းယူခိုင်းပါတယ်။ Incoming Breaker ကိုတော့ပိတ်ထားပြီးပါပြီ။ ပစ္စည်းယူပြီးပြန်လာတော့ သူကဖြုတ်သင့်တာဖြုတ်တပ်သင့်တာတပ်လုပ်နေပါပြီ။
ကျွန်တော်လဲသူလိုချင်တဲ့ Relay ပေးနေတုန်း ငနဲသား(တရုတ်လူမျိုး)ဓါတ်လိုက်ပါလေရော။ အသံလဲမထွက်နိုင်ဘူးကျွန်တော်လဲထူပူပြီးဘာလုပ်ရမှန်းမသိ ဘေးမှာလဲဘယ်သူမှမရှိဘူး။ ညနေ ၃ နာရီဆိုတော့အလုပ်သမားတွေ လက်ဘက်ရည်သောက်နားချိန်လေ။ဘယ်ဘက်တံတောင်က ဘော်ဒီမှာထောက်ပြီး ညာဘက်လက်က control ဝါယာကိုင်ပြီး အောက်ကိုလဲပြုတ်မကျဘဲကိုယ့်ယိုးကားယားဖြစ်နေတာ။ နောက်တော့မထူးဘူး ဆိုပြီးသူ့အင်္ကျီအစကိုပဲ ဆွဲချလိုက်လိုက်မိတယ်။ အောက်ကိုပြုတ်ကျတော့ အတည့်ပါပဲ။ဆွဲထူတော့လက်မောင်းအရင်းက ယောင်နေပြီ။ ၆ လဆေးခွင့်ယူလိုက်ရတယ်။
Main Breaker ကိုပိတ်ပေမယ့် control MCB ကိုမပိတ်မိလို့ဓါတ်လိုက်တာပါ။ သူမရှိတော့ သူ့နေရာကို တာဝန်ယူပြီးဆိုဒ်
တော်တော်များများ သွားလိုက်ရတယ်။ ကျွန်တော့်အတွက်ကတော့ လုပ်ငန်းအတွေ့အကြုံရပြီး သူဌေးရဲ့ယုံကြည်မှု့ရလိုက်တာ အမြတ်
ပါပဲ။ :D
ကျွန်တော်တို့စက်ရုံကစားအုန်းဆီစက်ရူံတော်တော်များများရဲ့ switch board တွေလုပ်ပါတယ်။ဂျင်နရေတာတွေ အတူယှဉ်တွဲ
တာကအစ မော်တာ စတာတာတွေလုပ်ပါတယ်။ အဲဒီမှာလူသိနည်းလှတဲ့ grounding or earthing ရဲ့အရေးပါပုံကိုသတိပြု
မိလာပါတယ်။
ဂျင်နရေတာတွေယှဉ်တွဲတဲ့အခါမှာလဲ earthing ကအရေးပါလှပါတယ်။ လျှပ်စစ်ပစ္စည်းများမတော်တဆ ရှော့ဖြစ်ပျက်စီးခြင်း၊ မတော်တဓါတ်လိုက်မှု့ အန္တရယ်နှင့်တစ်ချိန်ထဲမှာပဲ ပါဝါတည်ငြိမ်မှု့ကို ဖြစ်စေပါတယ်။ကျွန်တော်လေ့လာဖြစ်တဲ့ စာအုပ်ထဲက အကြောင်းအရာများကို နည်းနည်းခြင်းကြိုးစားရေးသွားပါ့မယ်။ အမှားရှိရင် ထောက်ပြသင်ပေးကြပါလို့ ပြောချင်ပါတယ်။
Neutral Grounding
Power system တစ်ခုတွင်လျှပ်စီးသယ်ဆောင်မှု့ မရှိသောအစိတ်အပိုင်း(လျှပ်စစ်အသုံးအဆောင်ပစ္စည်း၏ဘော်ဒီ၊ ဖရိမ်)
သို့မဟုတ်လျှပ်စီးသယ်ဆောင်သောအစိတ်အပိုင်း(ဥပမာ star-connected system တစ်ခု၏ neutral point နှင့်
Transformer တစ်ခု၏တစ်ဆင့်ခံဝါယာ တစ်စ)တို့အား စွတ်ဆိုမှု့ရှိသောမြေကြိးသို့ ဆက်သွယ်ပေးခြင်းကို grounding or
earthing လို့ခေါ်ပါတယ်။ ထိုကဲ့သို့ဆက်သွယ်ရာတွင် တိုက်ရိုက် သို့မဟုတ် resistor, circuit breaker အစရှိသည်တို့အား လိုအပ်ချက်အခြေအနေပေါ်မှုတည်၍ အသုံးပြုပါတယ်။ ယေဘူရအားဖြင့် ဥပဒေသနှစ်ရပ်နဲ့တွေ့ရမှာပါ။
၁။ Neutral point အား ground ချထားသော star-connected system တစ်ခုတွင် circuit breaker
အထွက်ပိုင်းဖေ့စ်ကြိုးတစ်ခုခု နှင့် ground တို့ကြား earth fault ဖြစ်သောအခါကြီးမားသော လျှပ်စီးဖြစ်ပေါ်စေ၍
circuit breaker မှပါတ်လမ်းကို ဖြတ်တောက်ကာကွယ်ပေးခြင်း။
၂။ လျှပ်စစ်အသုံးအဆောင်ပစ္စည်းတို့၏ ဘော်ဒီ အား earth သွယ်တန်းထားခြင်းအားဖြင့် အသုံးပြုသူအားလျှပ်စစ်အန္တရယ်မှ
ကာကွယ်ပေးခြင်းတို့ဖြစ်ပါသည်။
Electrical နှင့် electronic ဆားကစ်တို့တွင် common points တို့အား ၎င်းတို့၏ သတ္တုကိုယ်ထည်နှင့် ဆက်သွယ် ပေးခြင်းကို chasis ground သို့မဟုတ် circuit ground ဟုခေါ်ပါသည်။ circuit ground သည်မြေကြီးသို့ဆက်
သွယ်ထားခြင်း၊ မထားခြင်းနှစ်ခုလုံး ဖြစ်နိုင်သည်။(ဥပမာ မော်တော်ကားသို့မဟုတ် ဂျင်နရေတာများတွင် အနုတ်ကြိုးအားဘော်ဒီ
တွင်ဆက်သွယ်ထားခြင်း)
Grounding or Earthing
Grounding or Earthing ကိုခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်
၁။ Equipment grounding ၂။ System grounding ဆိုပြီးတွေ့ရမှာပါ။
(ဆက်လက်ဖေါ်ပြပါမည်)
ကိုးကား(principles of power system & A textbook of electrical technology)
ဆီအုန်းစက်ရုံများမှာရှိတဲ့ fibre cyclone fan တွေဟာ screw press မှထွက်လာတဲ့ အဆံနဲ့အမျှင်တို့ကိုခွဲခြားပေး ဖို့အတွက်အသုံးပြုပါတယ်။ အမျှင်များထက်ပိုမိုလေးလံတဲ့ အဆံတို့ကိုထားခဲ့ပြီး ပန်ကာနဲ့ဆက်ထားတဲ့ပြွန်အတိုင်း စုပ်ယူခြင်းခံရပါ တယ်။ အမျှင်များကိုစုပ်ယူနိုင်ဖို့ သတ်မှတ်ထားတဲ့ RPM 2500 ခန့်ရှိရမှာဖြစ်ပါတယ် ။ဒါကြောင့် ပန်ကာနဲ့ဆက်ထားတဲ့
မော်တာရဲ့စတင်လည်ပတ်ချိန်မှာ ပုံမှန်ထက်အမ်ပီယာပိုမိုဆွဲယူပါတယ်။ အကျိုးဆက်အားဖြင့်
၁။အော်တိုထရမ်စ်ဖော်မာလောင်ခြင်း ၂။မိန်းဘရေကာ ပြုတ်ကျခြင်းတို့ ဖြစ်တတ်ပါတယ်။
၁။ အော်တိုထရမ်စဖော်မာ လောင်တဲ့နေရာကို စစ်ဆေးကြည့်တော့ တက်ပင်းရဲ့ အဆက်နေရာမှာဖြစ်နေတာတွေ့ရပါတယ်။ ခဲဆော်တာ
လုံလောက်အောင်ကောင်းမွန်ခြင်းမရှိဘူးလို့ တွေးထင်ပါတယ်။ တစ်ခါတစ်ရံမှာလဲ terminal မှာမူလီတွေချောင်နေရင်လဲ ဖြစ်တတ်ပါ
တယ်။
၂။ MCC panel တွေမှာ over current relay တပ်လို့အဆင်မပြေပါ။ Earth fault relay ဆိုရင်လုံလောက်ပြီထင်ပါ
တယ်။ စတာတာတိုင်းမှာ မော်တာပရိုတက်ရှင်း အတွက် သာမယ်အိုဗာလုတ် ပါရှိပြီးဖြစ်ပါတယ်။ တစ်ခါကြုံဘူးပါတယ် ကွန်ဆောက်တန့်ကဆွဲပေးလိုက်တဲ ဒီဇိုင်းတစ်ခုပါ။1*75kw ဖိုင်ဘာဆိုက်ကလုံး၊2*7.5kw ကွန်ဗေယာ နဲ့ 2*4kwကွန်ဗေယာတို့ပါ။ မိန်းဘရေကာကို 200 Amp တပ်ထားပါတယ်။ over current relay ပါသုံထားပါသေးတယ်။
'မရဘူး'လို့ အထက်ကိုပြောတော့ ဒါ ကွန်ဆောက်တန့် ပေးတာတဲ့။ ဒါနဲ့ ဒီအတိုင်းပဲ ထွက်သွားတယ်။ မကြာပါဘူး ဘရေကာ
ပြူတ်ကျတယ် ဆိုပြီး ဖုန်းဝင်လာတာပါပဲ။
နေက်နေ့လိုက်သွားပြီးရောက်တော့ စမ်းလိုက်တယ်။ ပထမအဆင့် ၅၅% မှာ အမ်ပီယာ ၂၀၀ ကျော် ဒုတိယအဆင့်၇၅%အပြောင်း
မှာ over current relay ကဘရေကာကို ဖြူတ်ချလိုက်ပြီ။ Boss ကိုဖုန်းဆက် အကျိုးအကြောင်းပြောပြပြီး Main Con.
ဆီဖုန်းဆက်တော့ 'ဘာလို့မရရမှာလဲ' တဲ့ စုစုပေါင်း98kw ကို AMP 200 ဝန်းကျင်ပဲရှိတာတဲ့။ ကောင်းရောဗျာ။
ဖိုက်ဘာဆိုက်ကလုံးမော်တာရဲ့ အခြေအနေတွေ တော်တော်ရှင်းပြယူလိုက်ရတယ်။
BOSS ကတော့ဝမ်းသာမှာပေါ့။ ပိုက်ပိုက်ထပ်ရမှာကိုး။
ညအိပ်ပြီး 250 AMP ဘရေကာစောင့် နောက်နေ့ တပ်၊ over current relay ကိုလဲ ဖြုတ်ပစ်လိုက်တယ်။အားလုံးပြီးတော့
စမ်းလိုက်တယ်။ ပထမအဆင့် အမ့် ၂၀၀ ကျော် ဒုတိယ အမ့်၂၅၀မီတာရဲ့ မျှားတံ ဂိတ်ဆုံးရောက်သွားတယ်။ တတိယ ၁၀၀% အ
ပြောင်းမှာ စက်ရုံကို ဓါတ်အားပေးထားတဲ့ ဒီဇယ်ဂျင်နရေတာရဲ့ ဘရေကာပြူတ်ကျသွားတယ်။ စက်ရုံအဟောင်းကို ပြန်ပြင်တာဆို
တော့ ဂျင်နရေတာတို့ ရေနွေးငွေ့တာဗိုင်း တို့ Main Board တို့ကို အဟောင်းတွေပြန်သုံးထားတာ။ Capacitor Bank
တွေဆိုရင် ကောင်းကောင်းအလုပ်မလုပ်တော့ဘူး။ 250 kw ဒီဇယ်ဂျင်နရေတာနှစ်လုံးနဲ့ 1600kw တာဗိုင်းတို့ကလဲဟောင်းနေပြီ။
ဘေ၇ကာပြုတ်ကျတဲ့အင်ဂျင်က 250kwပါ။ စက်ရုံမလည်ပဲစမ်းရုံဆိုတော့ အင်ဂျင်တစ်လုံးပဲမောင်းထားပြီးမနိုင်လို့ over current ဖြစ်တာပါ။ နောက်ထပ်အင်ဂျင်တစ်လုံး တွဲခိုင်းပြီးထပ်စမ်းတော့အဆင်ပြေသွားတယ်။
soft starter ဈေးတွေချိုလာပြီး ကြေးနီဈေးတက်လို့ ထရမ်ဖော်မာဈေးကြီးနေတဲ့အချိန်(soft starter ဈေးနဲ့ Auto
trans တစ်စုံရဲ့ ကွာခြားဈေးနူန်း အရမ်းမများတဲ့ ကာလမှာ)soft starter ကိုဘာကြောင့်မသုံးကြလဲဆိုတာ စဉ်းစားမရပါ။
ကျွန်တော်လဲ့ ပို့စ်မတင်ဖြစ်တာ ကြာပါပြီ။ လာလည်တဲ့ မိတ်ဆွေရောင်ရင်း အားလုံးကို အနူးအညွတ်တောင်းပန်ပါတယ်။
တစ်လောက အော်တိုထရမ်စဖော်မာ လောင်သွားတယ်ဆိုလို့ သွားလဲခဲ့ရတယ်။ မလေးရှားနိုင်ငံ ပါဟန်းပြည်မှာရှိတဲ့ စားအုန်းဆီ စက်ရုံတစ်ခုမှာပါ။ ဆီအုန်းသီးတွေကို ကြိတ်လို့ထွက်လာတဲ့ အဆံနဲ့ ဖိုက်ဘာအမျှင်တို့ ရောနေတာကို ခွဲထုတ်ပေးတဲ့ Fibre cyclone fan ရဲ့အော်တိုထရမ်စဖော်မာ လောင်သွားတာပါ။ ရောက်ရောက်ချင်း လောင်သွားတဲ့ ၃ဖေ့စ် ၄၅ကီလိုဝပ် ရှိတဲ့ မော်တာရဲ့ အော်တိုထရမ်စဖော်မာကို ဖြုတ် အသစ်လဲတပ်လိုက်ပါတယ်။ မော်တာက ၄၅ကီလိုဝပ် ဆိုပေမယ့် အော်တိုတရမ့်စ်ကို ဟဲဗီးဂျုတီ အနေနဲ့ တစ်ဆင့်မြှင့် ၅၅ကီလိုဝပ် သုံးထားတာပါ။ နောက်လဲတဲ့ တဆင့်ထပ်မြှင့်ပြီး ၆၅ကီလိုဝပ်ခံနိုင်ရည်ရှိတဲ့ အော်တိုထရမ့်စ်ကို တပ်ဆင်ပြီးတော့ ဝါယာရင်းနဲ့ အလုပ်လုပ်ပုံ မှန်မမှန်ကို FREE RUN အနေနဲ့ မော်တာ ကေဘယ်ကိုဖြုတ်ပြီး စမ်းလိုက်တော့ အားလုံး အိုကေပါတယ်။ မော်တာရဲ့အပြစ်အနာ အဆာကို မက်ဂါသုံးပြီး ရှာတော့လဲ အိုကေပါပဲ။ ဒါနဲ့အားလုံးပြန်တပ်ပြီး အဆင်သင့်ဲဖြစ်တော့ ဘရေကာကို ဖွင့်ပြီး စတာတာခလုပ်ကို နှိပ် လိုက်ပါ တယ်။ 
ဖွင့်ဖွင့်ချင်းပဲ အော်တိုထရမ့်စ်က မီးတောက်တွေထွက်လာလိုက်တာ တော်တော်ငြိမ်းယူရတယ်။ ညနေကလဲစောင်းနေပြီလေ။ ပြန်ဖို့အချိန်ကလဲ ရှိသေးတော့ ခေါင်းကိုက်သွားတာပေါ့။ မတတ်နိုင်ဘူးလေပြန်ရမဲ့ ခရီးကလဲ ၄နာရီကားမောင်းရမှာ အော်တိုထရမ့်စ်
ကလဲ အပိုမပါဘူး။ စက်ရုံတာဝန်ခံ အင်ဂျင်နီယာ ကလဲ ပူညံပူညံ။ တော်သေးတယ် စက်ရုံကအသစ်ပြီးကာစ ဆိုတော့ နောက်အပတ် ရက်ချိန်းယူပြီး ပြန်ခဲ့ရတယ်။
ခေါင်းလဲစားသွားတာ အိပ်တောင်မပျော်လို့ တော်တော်လုပ်ယူရတယ်:D။ သေသေချာချာ စဉ်စားကြည့်တော့ ဝါယားရင်းလဲ အိုကေ
ကွန်နက်ရှင်းလဲ အိုကေဆိုတော့ မော်တာရဲ့ ဝန်အားကို သံသယဖြစ်မိတယ်။ ရင်တထိတ်ထိတ်နဲ့ပေါ့။ ဘာမှမဟုတ်တဲ့နိုင်ငံခြားသား
မြန်မာတစ်ယောက်ကို မယုံရဲဘူးနဲ့တူပါတယ်။
ဒါနဲ့နောက်အပတ်သွားတော့ ထုံးစံအတိုင်းဖြုတ်တပ်ပြီး မော်တာအပိုင်းကို သွားကြည့်တော့ မော်တာက ၄ပိုး အာပီအမ်၁၅၀၀၊
ပူလီနဲ့တွဲ ထားတဲ့ ပန်ကာရဲ့ အာပီအမ်က ၂၅၀၀ ၊ အဲဒီတော့ မော်တာရဲ့ပူလီက သေးပြီး ပန်ကာရဲ့ပူလီက ကြီးနေပါတယ်။
အဲဒီမှာ သူ့ရဲ့ ဝန်အားကို စဉ်စားရတော့မှာပါ။ ဒါနဲ့ မက်ကယ်နီကယ်အင်ဂျင်နီယာ အကျိုးအကြောင်းပြောပြတော့ အဲဒီအတိုင်းပဲတဲ့။
ဒါနဲ့ပရောဂျက်မန်နေဂျာဆီကို ဖုန်းဆက်တော့ မော်တာလဲပေးရမလား လို့တော့ ပြောပါတယ်။ မော်တာအပ်ဂရိတ်လုပ်ရင် ဘရေကာတို့ ကွန်တပ်တာတို့ ကေဘယ်တို့ နောက်ဆက်တွဲအလုပ်တွေ ပိုလာတော့မယ်လေ။ ကြိုးစားကြည့်မယ်ပေါ့။
၁။ပူလီကြိုးတင်းနေတာ ကိုလျှော့ခိုင်းလိုက်ပါတယ်။
၂။ အော်တိုထရမ်စဖော်မာက တက်ပင်း ၅၅% နဲ့၇၅% နေရာမှာ ၅၅%က မော်တာရဲ့ဒိုင်းနမစ် အခြေအနေမှာ အမ်ပီယာ
ပိုဆွဲမှာဖြစ်လို့ အော်တိုထရမ့်စ်ရဲ့ ၅၅%ကို ၆၅% ပြောင်းလိုက်ပါတယ်။
၃။ ၆၅% မှ ၇၅% တက်ပင်းပြောင်းတဲ့ Timer ကို ၅စက္ကန့် ပြောင်းလိုက်ပါတယ် ။၇၅%မှ ၁၀၀% ပြောင်တဲ့ Timer ကို
၃စက္ကန့်ပြောင်းလိုက်ပါတယ်။
ပြီးတော့ရင်ထိတ်ထိတ်နဲ့ စမ်းလိုက်ပါတယ်။
ကြည့်လိုက်တော့ ပထမအဆင့် အမ်ပီယာ ၅၀၀ ကျော်သွားတယ်။ ဒုတိယ ခုန်တက်ပြီး ပုံမှန်ဖြစ်သွားတယ်။
ရင်ထဲအလုံးကြီးလဲပုံမှန်ဖြစ်သွားတယ်။
ဆီအုန်းစက်ရုံရဲ့ဘွိုင်လာပုံလေးတွေတင်ပေးလိုက်တာပါ။လောင်စာကတော့ ဆီအုန်းအမျှင်နဲ့ အခွံတို့ပဲဖြစ် ပါတယ်။အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်။
A modern steam power station is highly complex and has numerous equipment and auxiliaries. However, the most important constituents of a steam power station are:
1. Steam generating equipment 2. Condenser 3. Prime mover 4. Water treatment plant
5. Electrical equipment.
(Boiler control board)
1. Steam generating equipment. This is an important part of steam power station. It is concerned with the generation of superheated steam and includes such items as boiler, boiler furnace, superheater ,economiser, air pre-heater and other heat reclaiming devices.
(i) Boiler . Aboiler is closed vessel in which water is converted into steam by utilising the heat of coal combustion. Steam boiler are broadly classified into the following two types :
(a) Water tube boilers (b) Fire tube boilers
( Water tube boiler)
In the water tube boiler, water flows through the tubes and the hot gases of combustion flow over these tubes. On the other hand, in a fire tube boiler,the hot products of combustion pass through the tube surrounded by water. Water tube boilers have a number of advantages over fire tube boilers viz., require less
space, smaller size of tube and drum, high working pressure due to small drum, less liable to explosion etc. Therefore, the use of water tubes boilers has become universal in large capacity steam power stations.
(Drum Level Controller)
(ii) Boiler furnace. A boiler furnace is a chamber in which fuel is burnt to liberate the heat energy. In addition
it provides support and enclosure for the combustion equipment i.e., burners. The boiler furnace wall are made
of refractory materials such as fire clay, silica, kaolin etc.These materials have the property to resist change of
shape, weight or physical properties at high temperatures. There are following three types of construction of furnace walls:
(a) Plain refractory walls
(b) Hollow refractory walls with an arrangement for air cooling
(c) Water walls
The plain refractory walls are suitable for small plants where the furnace temperature may not be high. However, in large plants, the furnace temperature is quite high (The size of furnace has to be limited due to
space, cost and other considerations. This means that furnace of a large plant should develop more kilocalories per square metre of furnace which implies high furnace temperature.) and consequently,the refractory material may get damaged. In such cases, refractory walls are made hollow and air is circulated
through hollow space to keep the temperature of the furnace walls low. The recent development is to use water walls.These consist of plain tubes arrange side by side and the inner face of the refractory walls. The tubes are connected to the upper and lower headers of the boiler. The boiler water is made to circulate
through the tubes. The water walls absorb the radiant heat in the furnace which would otherwise heat up the
furnace walls.
(Fibre &Shell)
(iii) Superheater. A superheater is a device which superheats the steam i.e., it raises the temperature of steam above boiling point of water. This increases the overall efficiency of the plant. A superheater consist of a group of tubes made of special alloy steels such as chromium-molybdenum. These tubes are heated by heat
of flue gases during their journey from the furnace to the chimney. The steam produced in the boiler is led through the superheater where it is superheated by the heat of flue gases. Superheater are mainly classified into two types according to the system of heat transfer from flue gases to steam viz.
(a) Radiant superheter (b)Convection superheater
The radiant superheater is placed in the furnace between the water walls and receives heat from the burning
fuel through radiation process. It has two main disadvantages. Firstly,due to high furnace temperature, it may
get overheated and, therefore, requires a careful design. Secondly the temperature of superheater falls with increase in steam output. Due to this limitations, radiant superheater is not finding favour these days. On the other hand, a convection superheater is placed in the boiler tube bank and receives heat from flue gases entirely through the convection process.It has the advantage that temperature of superheater increases with
the increase in steam output. For this reason, this type of super is commonly used these days.
(iv) Economiser. It is device which heats the feed water on its way to boiler by deriving heat form flue gases.
This results in raising boiler efficiency, saving in fuel and reduced stresses in the boiler due to higher temperature of feed water. An economiser consists of a large number of closely spaced parallel steel tubes
connected by header of drums. The feed water flows through these tubes and the flue gases flow outside. A
part of the heat of flue gases is transferred to feed water,thus raising the temperature of the latter.
(v) Air pre-heater. Superheater and economisers generally cannot fully extract the heat from flue gases.
Therefore, pre-heater are employed which recover some of the heat in the escaping gases. The function of
an air pre-heater is to extract heat from the flue gases and give it to the air being supplied to furnace for coal combustion. This raises the furnace temperature and increases the thermal efficiency of the plant.Depending upon the method of transfer of heat from flue gases to air, air pre-heaters are divided into the following two
classes:
(a) Recuperative type (b) Regenerative type
The recuperative type air heater consists of a group of steel tubes.the flue gases are passed through the tubes while the air flows externally to the tubes. thus heat of flue gases is transferred to air. The regenerative
type air pre-heater consists of slowly moving drum made of corrugated metal plates. The flue gases flow
continuously on one side of the drum and air on the other side. This action permits the transference of heat of flue gases to the air being supplied to the furnace for coal combustion.
(Induced draught fan & Chimney)
2.Condensers. A condenser is a device which condenses the steam at the exhaust of turbine. It serves two
important functions.Firstly, it creates a very low ( By liquidation steam at the exhaust of turbine, a region of
emptiness is created. This results in a very low pressure at the exhaust of turbine.) pressure at the exhaust of
turbine, thus permitting expansion of the steam in the prime mover to very low pressure. This helps converting
heat energy of steam into mechanical energy in the prime mover. Secondly, the condensed steam can be used as feed water to the boiler. There are two types of condensers, namely:
(i) Jet condenser (ii) Surface condenser
( A Surface Condenser )
In a jet condenser, cooling water and exhausted steam are together. Therefore , the temperature of cooling
water and condensate is the same when leaving the condenser. Advantages of this type of condenser are :
low initial cost, less flow area required, less cooling water required and low maintenance charges. However,
its disadvantage are: condensate is wasted and high power is required for pumping water.
In a surface condenser, there is no direct contact between cooling water and exhausted steam. It consists of a bank of horizontal tubes enclosed in a cast iron shell. The cooling water flows through the tubes and exhausted steam over the surface of the tubes. The steam gives up its heat to water and is itself condensed.
Advantage of this type of condenser are : condensate can be used as feed water, less pumping power required and creation of better vacuum at the turbine exhaust. However, disadvantage of this type of condenser are : high initial coast, requires large floor area and high maintenance charges.
3. Prime mover. The prime mover converts steam energy into mechanical energy. There are two type of steam prime mover viz., steam engines and steam turbines. A steam turbine has several advantages over
a steam engine as a prime mover viz., high efficiency, simple construction, higher speed, less floor area requirement and low maintenance cost. Therefore, all modern steam power stations employ steam turbines as
prime mover.
Steam turbines are generally classified into two type according to the action of steam moving blades viz.,
(i)Impulse turbines (ii) reaction turbines
In an impulse turbine, the steam expands completely in the stationary nozzles (or fixed blades), the pressure over the moving blades remaining constant. In doing so , the steam attains a high velocity and impinges against the moving blades. This results in the impulsive force on the moving blades which sets the rotor rotating. In a reaction turbine, the steam is partially expanded in the stationary nozzles, the remaining expansion takes place during its flow over the moving blades. The result is that the momentum of the steam
causes a reaction force on the moving blades which sets the rotor in motion.
(Impulse turbine)
4. Water treatment plant. Boiler require clean and soft water for longer life and better efficiency.However, the
source of boiler feed water is generally a river or lake which may contain suspended and dissolved impurities,
dissolved gases etc. Therefore, it is very important that water is first purified and softened by chemical treatment and then delivered to the boiler.
The water from the source of supply id stored in storage tanks.The suspended impurities are removed through
sedimentation, coagulation and filtration. Dissolved gases are removed by aeration and degasification. The water is 'softened, by removing temporary and permanent hardness through different chemical processes. The
pure and soft water thus available is fed to the boiler for steam generation.
( Water treatment plant )
5. Electrical equipment. A modern power station contains numerous electrical equipment. However, the most important items are:
(i) Alternators. Each alternator is coupled to a steam turbine and converts mechanical energy of turbine into
electrical energy. The alternator may be hydrogen or air cooled. The necessary excitation is provided by means of main and pilot exciters directly coupled to the alternator shaft.
(ii) Transformers. A generation station has different types of transformers, viz.,
(a) main step -up transformers which step-up the generation voltage for transmission of power.
(b) station transformers which are used for general service (e.g., lighting) in the power station.
(c) auxiliary transformers which supply to individual unit-auxiliaries.
(iii)Switchgear. It houses such equipment which locates the fault on the system and isolate the faulty part from
the healthy section. It contains circuit breakers, relays, switches and other control devices.
(Main switch Board)
(Principles Of Power System By V.K MEHTA And ROHIT MEHTA)
Low voltage system , Main Switch Board တစ်ခုတွင် ပါဝင်သော အဓိကအစိတ် အပိုင်းများမှာ
၁။ ကိုယ်ထည် (Body, Frame)
၂။ ကေဘယ်အဝင်ပိုင်း (Main breaker)
၃။ Metering & Protection
၎။ Bus Bar
၅။ ပါဝါဖြန့်ဝေရာအပိုင်း(Outgoing breakers)
၆။ ကာပယ်စီတာဘဏ့် (Capacitor Bank)
တို့ဖြစ်ပါတယ်။
၁။ ကိုယ်ထည်ပိုင်း (Body, Frame)
ကိုယ်ထည်ပိုင်းကိုတော့၂မီလီမီတာအထူ sheet metal နဲ့ပြုလုပ်ထားပြီး ဆေးကတော့ Expoxy powder coding ပါ။ ပေါင်ဒါကို အခြောက်မှုတ်ပြီးမှ အပှုချိန် ၂၀၀ ဒီဂရီစင်တိဂရိတ်နဲ့ ၄၅ မိနစ် အလုံပိတ်အခန်း ထဲထည့်ပြီးပေါင်းရပါတယ်။ တစ်စစီ အစိတ်အပိုင်းများဖြုတ်တတ်၍ရသော modular type ဖြစ်ပါတယ်။
၂။ ကေဘယ်အဝင်ပိုင်း(Main Breaker) 
Main Breaker ကိုနှစ်မျိုးသုံးပါတယ်။ အမ်ပီယာ ၁၂၀၀ ထိ MCCB (Moulded Case Circuit Breaker)ကို
သုံးပြီး အထက်ကိုတော့ ACB (Air Circuit Breaker)ကိုသုံးပါတယ်။ ကျွန်တော်တို့စက်ရုံကတော့ Low voltage
မှာ အမ်ပီယာ ၆၀၀၀ ထိပြုလုပ်ပါတယ်။ ဒီအပိုင်းကတော့ ထရန်စ်ဖော်မာ သို့မဟုတ် ဂျင်နရေတာ မှ ပါဝါ အဝင်
ကေဘယ်လက်ခံတဲ့ အပိုင်းပါ။
၃။ Metering & Protection
ပါဝါ ဆပလိုင်းရဲ့ အဝင် ဗို့တေ့ voltage ၊ဖရီကွမ်စီ Hz သုံးစွဲ အမ်ပီယာ Amp, ကီလိုဝပ်Kw,ကီလိုဝပ် ဟာဝါ
Kwh, ပါဝါဖက်တာ PF အစရှိသည်တို့အားသိရှိနိုင်ရန် အဆိုပါမီတာများကို တပ်ဆင်အသုံးပြုပါတယ် ။
Bus Bar protection relay များဖြစ်တဲ့ Over current နဲ့ Earth fault relay ကိုလဲဒီအပိုင်းမှာပဲ တပ်ဆင်ပါ တယ် ။ Current transformer များကိုတော့ အဝင် Main Breaker နဲ့ အထွက် Breakers များ ကြား Bus Bar မှာတပ်ဆင်ပါတယ်။

၎။Bus Bar
Bus Bar ကတော့ ကြေးနီဖြင့်ပြုလုပ်ထားပြီး Outgoing Breakers များသို့ ပါဝါ ဖြန့်ဖြူးပေးပါတယ်။ ကြေးညှိ
မတက်စေရန် နီကယ်ရည်စိမ်ထားပါတယ်။
၅။ပါဝါဖြန့်ဝေရာအပိုင်း(Outgoing Breakers)
Sub board ,MCC (motor control panel) ,DB (distribution board) တို့ကို ပါဝါ ဖြန့်ဝေ ပေးပါတယ်။
၆။ ကာပယ်စီတာဘဏ့် (Capacitor Bank)
ပါဝါ ဖက်တာ ကို မြှင့်တင်ရန် အသုံးပြုပါသည်။ ပါဝါဖက်တာအင်ပရုမန့်တွင်လေ့လာနိုင်ပါသည်။



